Scaling Up Nutrition | Civil Society Alliance Myanmar

  • (+95) 9 63292027
  • (+95) 1 524859

Three Food Group Food Cards (Food Cards)

ခန္ဓာကိုယ် ကြီးထွားစေသော အစာအုပ်စု တွင်ပါဝင်သည်။ အိုင်အိုဒင်း (IODINE) နှင့် သံဓါတ် (IRON) ကြွယ်ဝသည်။ အိုင်အိုဒင်းဓါတ်သည် လည်ပင်းကြီးရောဂါဖြစ်ခြင်း၊ ကလေးများတွင် မွေးရာပါ ဉာဏ်ရည်ချို့တဲ့ခြင်း နှင့် ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်သားလျှောဖြစ်ခြင်းတို့မှ ကာကွယ်ပေးပါသည်။ သံဓါတ်သည် သွေးအားနည်းရောဂါ ဖြစ်ခြင်း ၊မောပန်း လွယ်ခြင်း၊ရောဂါပိုးဝင် ရောက်ရန် အခွင့်အလမ်းပိုများခြင်း နှင့် ကိုယ်ဝန်ဆောင် မိခင်များတွင်လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားရန် အခွင့်အလမ်းပိုများခြင်းတို့ မှကာကွယ်ပေးပါသည်။

ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စု တွင်ပါဝင်သည်။ အသားဓာတ် (PROTEIN) နှင့် ဗီတာမင် ဘီဝမ်းဓာတ် (VITAMIN B1) ကြွယ်ဝသည်။ အသားဓာတ်သည် ကိုယ်ခန္ဓာကြီးထွားရန် ၊ကိုယ်ခံစွမ်းအားတိုးမြင့်စေရန် နှင့် အရေးကြီးသော ဟိုမုန်းဓာတ်များအတွက်လိုအပ်ပါသည်။ကလေးများ၊ ဆယ်ကျော်သက်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးစားသုံးရန် လိုအပ်ပါသည်။ ဗီတာမင် ဘီဝမ်းဓာတ် (VITAMIN B1) ကြွယ်ဝသည်။ ဗီတာမင်ဘီဝမ်း သည်ကလေးများတွင် ဘယ်ရီဘယ်ရီ ခေါ် ကလေးသူငယ်နာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါသည်။ လူကြီးများတွင် အာရုံကြောစနစ် ကိုအထောက်အကူပေးသည့် အပြင် ထုံခြင်း၊ကျဉ်ခြင်း၊ ထုံနာခြောက်၊ ထုံနာစို နှင့် အမျိုးသမီးများတွင် ခါးနာ ခြင်း တို့မှ ကာကွယ်ပေးပါသည်။

ခန္ဓာကိုယ် ကြီးထွားစေသော အစာအုပ်စု တွင်ပါဝင်သည်။ အသားဓာတ် (PROTEIN) နှင့် ဗီတာမင်အေ (VITAMIN A) ကြွယ်ဝသည်။ အသားဓာတ်သည် ကိုယ်ခန္ဓာကြီးထွားရန် ၊ကိုယ်ခံစွမ်းအားတိုးမြင့်စေရန် နှင့် အရေးကြီးသော ဟိုမုန်းဓာတ်များအတွက် လိုအပ်ပါသည်။ ကလေးများ၊ ဆယ်ကျော်သက်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးစားသုံးရန် လိုအပ်ပါသည်။ ဗီတာမင်အေ သည်အမြင်အာရုံကောင်းစေရန်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ခန္ဓာကိုယ်တွင်း၌ ရောဂါခုခံအားကောင်းစေရန် နှင့် မျိုးဆက်ပွား နိုင်ရန်အတွက် အရေးကြီးပါသည်။

ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးစေသော အစာအုပ်စုတွင် ပါဝင်သည်။ အသားဓါတ် (PROTEIN) ကြွယ်ဝသည်။ အသားဓာတ်သည် ကိုယ်ခန္ဓာကြီးထွားရန် ၊ကိုယ်ခံစွမ်းအားတိုးမြင့်စေရန် နှင့် အရေးကြီးသောဟိုမုန်းဓာတ်များ အတွက်လိုအပ်ပါသည်။ ကလေးများ၊ ဆယ်ကျော်သက်များ၊ ယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူး စားသုံးရန် လိုအပ်ပါသည်။

ခန္ဓာကိုယ် ကြီးထွားစေသော အစာအုပ်စု တွင်ပါဝင်သည်။ ဗီတာမင်အေ (VITAMIN A) နှင့် သံဓာတ် (IRON) ကြွယ်ဝသည်။ ဗီတာမင်အေ သည် အမြင်အာရုံကောင်းစေရန်၊ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရန်၊ ခုခံစွမ်းအားကောင်းစေရန် နှင့် မျိုးဆက်ပွားနိုင်ရန် အတွက်အထောက်အကူပြုသည်။ သံဓာတ်သည် သွေးအားနည်းရောဂါ ဖြစ်ခြင်း၊ မောပန်း လွယ်ခြင်း ၊ရောဂါပိုးဝင် ရောက်ရန် အခွင့်အလမ်းပိုများခြင်း နှင့် ကိုယ်ဝန်ဆောင် မိခင်များတွင်လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားရန် အခွင့်အလမ်းပိုများခြင်းတို့ မှကာကွယ်ပေးပါသည်။

ရောဂါကာကွယ်စေသော အစာအုပ်စု တွင်ပါဝင်သည်။ ဗီတာမင်-စီ (VITAMIN C) ကြွယ်ဝသည်။
ဗီတာမင်စီ သည်ကိုယ်ခံအားစနစ်ကောင်းစေရန် နှင့် အနာကျက်မြန် စေရန်အတွက် အရေးကြီးသည်။ ဗီတာမင်စီ သည် ကိုယ်ခန္ဓာမှ သံဓါတ် စုပ်ယူရာတွင် အထောက်အကူပြုသည်။ ဗီတာမင်စီချို့တဲ့ခြင်းကြောင့် သွားဖုံးသွေးယိုခြင်း၊ အရေပြားပေါ်တွင် သွေးခြည်ဥခြင်း၊ အားနည်းခြင်း၊မောပန်းခြင်း နှင့် အဆစ်အမြစ်များနာကျင်ခြင်းတို့ကို ဖြစ်စေနိုင်ပါ သည်။

ရောဂါကာကွယ်စေသော အစာအုပ်စု တွင်ပါဝင်သည်။ ဗီတာမင်အေ (VITAMIN A) ကြွယ်ဝသည်။ ဗီတာမင်အေ သည်အမြင်အာရုံကောင်းစေရန်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ခန္ဓာကိုယ်တွင်း၌ ရောဂါခုခံအားကောင်းစေရန် နှင့် မျိုးဆက်ပွားနိုင်ရန်အတွက် အရေးကြီးပါသည်။ ဗီတာမင်အေချို့တဲ့လျှင် အမြင်အာရုံ ချို့တဲ့ခြင်း၊ ကြက်မြက်သင့်ရောဂါ ကဲ့သို့ ညဘက် အလင်းရောင်နည်းချိန်တွင် မျက်စိမမြင်ရခြင်း၊ အရောင်များကို ကောင်းစွာ မခွဲခြားနိုင်ခြင်း၊ ကူးစက်ရောဂါများကြောင့် သေဆုံးနိုင်ချေပိုများခြင်းတို့ဖြစ်နိုင်ပါသည်။

ရောဂါကာကွယ်စေသော အစာအုပ်စု တွင်ပါဝင်သည်။ ဗီတာမင်အေ (VITAMIN A) နှင့် သံဓာတ် (IRON) ကြွယ်ဝသည်။ ဗီတာမင်အေ သည် အမြင်အာရုံကောင်းစေရန်၊ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရန်၊ ခုခံစွမ်းအားကောင်းစေရန် နှင့် မျိုးဆက်ပွားနိုင်ရန် အတွက်အထောက်အကူပြုသည်။ သံဓာတ်သည် သွေးအားနည်းရောဂါ ဖြစ်ခြင်း၊ မောပန်း လွယ်ခြင်း၊ ရောဂါပိုးဝင်ရောက်ရန် အခွင့်အလမ်းပိုများခြင်း နှင့် ကိုယ်ဝန်ဆောင် မိခင်များတွင်လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားရန် အခွင့်အလမ်းပိုများခြင်းတို့ မှကာကွယ်ပေးပါသည်။

ရောဂါကာကွယ်စေသော အစာအုပ်စု တွင်ပါဝင်သည်။ ဗီတာမင်အေ (VITAMIN A) နှင့် သံဓာတ် (IRON) ကြွယ်ဝသည်။ ဗီတာမင်အေ သည် အမြင်အာရုံကောင်းစေရန်၊ကိုယ်ခန္ဓာကြီးထွားဖွံ့ဖြိုးစေရန်၊ ခုခံစွမ်းအားကောင်းစေရန် နှင့် မျိုးဆက်ပွားနိုင်ရန် အတွက်အထောက်အကူပြုသည်။ သံဓာတ်သည် သွေးအားနည်းရောဂါ ဖြစ်ခြင်း၊ မောပန်း လွယ်ခြင်း၊ ရောဂါပိုးဝင်ရောက်ရန် အခွင့်အလမ်းပိုများခြင်း နှင့် ကိုယ်ဝန်ဆောင် မိခင်များတွင်လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားရန် အခွင့်အလမ်းပိုများခြင်းတို့ မှကာကွယ်ပေးပါသည်။

ရောဂါကာကွယ်စေသော အစာအုပ်စု တွင်ပါဝင်သည်။ ဗီတာမင်အေ (VITAMIN A) ကြွယ်ဝသည်။ ဗီတာမင်အေ သည်အမြင်အာရုံကောင်းစေရန်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ခန္ဓာကိုယ်တွင်း၌ ရောဂါခုခံအားကောင်းစေရန် နှင့် မျိုးဆက်ပွားနိုင်ရန်အတွက် အရေးကြီးပါသည်။ ဗီတာမင်အေချို့တဲ့လျှင် အမြင်အာရုံ ချို့တဲ့ခြင်း၊ ကြက်မြက်သင့်ရောဂါ ကဲ့သို့ ညဘက် အလင်းရောင်နည်းချိန်တွင် မျက်စိမမြင်ရခြင်း၊ အရောင်များကို ကောင်းစွာ မခွဲခြားနိုင်ခြင်း၊ ကူးစက်ရောဂါများကြောင့် သေဆုံးနိုင်ချေပိုများခြင်းတို့ဖြစ်နိုင်ပါသည်။

ရောဂါကာကွယ်စေသော အစာအုပ်စု တွင်ပါဝင်သည်။ ဗီတာမင် ဘီဝမ်းဓာတ် (VITAMIN B1) ကြွယ်ဝသည်။ ဗီတာမင်ဘီဝမ်း သည်ကလေးများတွင် ဘယ်ရီဘယ်ရီ ခေါ် ကလေးသူငယ်နာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါသည်။ လူကြီးများတွင် အာရုံကြောစနစ် ကိုအထောက်အကူပေးသည့် အပြင် ထုံခြင်း၊ ကျဉ်ခြင်း၊ ထုံနာခြောက်၊ ထုံနာစို နှင့် အမျိုးသမီးများတွင် ခါးနာ ခြင်း တို့မှ ကာကွယ်ပေးပါသည်။

ရောဂါကာကွယ်စေသော အစာအုပ်စုတွင် ပါဝင်သည်။ ပိုတက်စီယမ်ဓာတ် (POTASSIUM) ကြွယ်ဝသည်။ ပိုတက်စီယမ်ဓာတ် သည် အာရုံကြောမျှင်များ တစ်ခုနှင့်တစ်ခု ဆက်သွယ်ဆောင်ရွက်နိုင်ရန် ကူညီပေးပါသည်။ ထို့အပြင် ကြွက်သားများ ပုံမှန်အနေအထားရှိရန် အတွက်လည်းအထောက်အကူပြုသည်။

အင်အား ဖြစ်စေသော အစာအုပ်စု တွင်ပါဝင်သည်။ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်) နှင့် ဗီတာမင် ဘီဝမ်းဓာတ် (VITAMIN B1) ကြွယ်ဝသည်။ ကစီဓာတ် သည် အင်အားရရှိစေသောအဓိက အစားအစာ ဖြစ်သည်။ အလုပ်လုပ်နိုင်ရန်၊ သွားလာလှုပ်ရှား နိုင်ရန် နှင့် စဉ်းစားတွေး ခေါ်နိုင်ရန် အတွက် အကူအညီပေးပါသည်။ ဗီတာမင်ဘီဝမ်း သည်ကလေးများတွင် ဘယ်ရီဘယ်ရီ ခေါ် ကလေးသူငယ်နာရောဂါ မဖြစ်အောင် ကာကွယ်ပေးပါသည်။ လူကြီးများတွင် အာရုံကြောစနစ် ကိုအထောက်အကူပေးသည့် အပြင် ထုံခြင်း၊ ကျဉ်ခြင်း၊ ထုံနာခြောက်၊ ထုံနာစို နှင့် အမျိုးသမီးများတွင် ခါးနာ ခြင်း တို့မှ ကာကွယ်ပေးပါသည်။

အင်အားဖြစ်စေသော အစာ အုပ်စုတွင် ပါဝင်သည်။ အဆီဓာတ် (FAT) သည် အင်အား ကိုသိုလှောင်ပေး သောအဓိကအရင်းအမြစ် တစ်ခုဖြစ်ပြီး ရောဂါ ကာကွယ်မှု အပိုင်းကိုလည်း ဆောင်ရွက် ပေးသည်။ အဆီဓာတ်သည် ခန္ဓာကိုယ်မှ ဘီတာမင်အေဓာတ် (VITAMIN A) စုပ်ယူရာတွင် များစွာ အကူအညီ ပေးပါသည်။

အင်အား ဖြစ်စေသော အစာအုပ်စု တွင်ပါဝင်သည်။ ကစီဓာတ် (ကာဗိုဟိုက်ဒြိတ်) နှင့် ဗီတာမင် အေ (VITAMIN A) ကြွယ်ဝသည်။ ကစီဓာတ် သည် အင်အားရရှိစေသောအဓိက အစားအစာ ဖြစ်သည်။ အလုပ်လုပ်နိုင်ရန်၊ သွားလာလှုပ်ရှား နိုင်ရန် နှင့် စဉ်းစားတွေး ခေါ်နိုင်ရန် အတွက် အကူအညီပေးပါသည်။ ဗီတာမင်အေ သည်အမြင်အာရုံကောင်းစေရန်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်၊ ခန္ဓာကိုယ်တွင်း၌ ရောဂါခုခံအားကောင်းစေရန် နှင့် မျိုးဆက်ပွားနိုင်ရန်အတွက် အရေးကြီးပါသည်။

ခန္ဓာကိုယ် ကြီးထွားစေသော အစာအုပ်စု တွင်ပါဝင်သည်။ အသားဓာတ် (PROTEIN) နှင့် သံဓာတ် (IRON) ကြွယ်ဝသည်။ အသားဓာတ်သည် ကိုယ်ခန္ဓာကြီးထွားရန် ၊ကိုယ်ခံစွမ်းအားတိုးမြင့်စေရန် နှင့် အရေးကြီးသော ဟိုမုန်းဓာတ်များအတွက် လိုအပ်ပါသည်။ ကလေးများ၊ ဆယ်ကျော်သက်များ၊ ကိုယ်ဝန်ဆောင်နှင့် နို့တိုက်မိခင်များအတွက် အထူးစားသုံးရန် လိုအပ်ပါသည်။ သံဓာတ်သည် သွေးအားနည်းရောဂါ ဖြစ်ခြင်း ၊မောပန်း လွယ်ခြင်း ၊ရောဂါပိုးဝင် ရောက်ရန် အခွင့်အလမ်းပိုများခြင်း နှင့် ကိုယ်ဝန်ဆောင် မိခင်များတွင်လမစေ့၊ ပေါင်မပြည့်သော ကလေးမွေးဖွားရန် အခွင့်အလမ်းပိုများခြင်းတို့ မှကာကွယ် ပေးပါသည်။